Skip to playerSkip to main content
  • 7 years ago
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၏ ဖခင် ပန်းချီဦးသက်ညွန့်နာရေးအခမ်းအနား
*************************
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင် ရဲ့ ဖခင် ပန်းချီဦးသက်ညွန့် နာရေးအသုဘ အခမ်းအနားကို ရေဝေးသုသန်မှာ ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဒီအသုဘအခမ်းအနားကို ၈၈ မျိုးဆက်ကျောင်းသားတွေ ၊ နိုင်ငံရေးလောက အသိုင်းအဝိုင်းက မိတ်ဆွေတွေ တော်တော်များများ လာရောက်ခဲ့ကြတာတွေ့ရပါတယ်။

ပန်းချီဆရာကြီး ဦးသက်ညွန့်ဟာ ၁၉၂၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီးတော့ ကွယ်လွန်ချိန်မှာတော့ အသက် ၉၂ နှစ် ရှိပြီ ဖြစ်ပါတယ်။

ဆရာကြီးဟာ ပန်းချီကားပေါင်းများစွာကို ရေးဆွဲခဲ့သလို ပြပွဲတွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာတော့ အသက်၉၀ပြည့် အထိမ်းအမှတ် ပြပွဲကို ပြုလုပ်ခဲ့ပါသေးတယ်။

ပန်းချီဦးသက်ညွန့်ဟာ နိုင်သက်ညွန့် ကလောင်မည်နဲ့လည်း မဂ္ဂဇင်းအချို့မှာ ဆောင်းပါးများ ရေးသားခဲ့ပါသေးတယ်။

Category

🗞
News
Comments

Recommended