Skip to playerSkip to main content
  • 7 years ago
ဧရာဝတီတိုင်းလွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားခံရဟု လွှတ်တော်ဥက္ကဋ္ဌပြော
*****************
သမ္မတနှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ခရီးစဉ်တွင် ကိုယ်စားလှယ်များနှင့်ပတ်သက်၍ တိုင်ကြားမှု များရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦး အောင်ကျော်ခိုင် က လွှတ်တော်တွင် ပြောကြား ခဲ့သည်။

“တိုင်ကြားအများကြီးပဲ။ အများကြီးထဲကနေ ကျွန်တော်ထင်တယ်။ ရာနဲ့ချီတာ အဲဒီထဲ ၅စောင်ကို တိုင်း အစိုးရက တဆင့်ကျွန်တော်တို့ ဆီကို စိစစ်ပေးဖို့ ၊ကျွန်တော်တို့ ကစိစစ်တယ် ။ ပြန်ပို့တယ်။ သိပ်ကြီးကြီး မားမားတွေ မဟုတ်ပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်က ပြောသည်။

နိုင်ငံတော်သမ္မတ၊နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ဧရာဝတီတိုင်းဒေသကြီးခရီးစဉ်တွင် လွှတ်တော် ကိုယ်စားလှယ် များနှင့်ပတ်သက်သည့် တိုင်ကြားစာ၅စောင် ရှိခဲ့ပြီး ကျောင်းကုန်းမြို့နယ်၊ ပန်းတနော် မြို့နယ်၊ ညောင်တုန်းမြို့နယ် နှင့် မအူပင် မြို့နယ်တို့မှ တိုင်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

ရိုက်ကူး- စည်သူမောင်မောင်

Category

🗞
News
Comments

Recommended