Skip to playerSkip to main content
  • 6 years ago
လာမထုတ်သည့် ထီဆုမဲများထဲမှ ကျပ်သန်း ၂၅ဝ တန်ဖိုးရှိဆုမဲများ စတင်ချီးမြှင့်
***********************
ယနေ့ပြုလုပ်သော ၅ကြိမ်မြောက် ကျပ် ၁ဝဝဝ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် လာရောက် မထုတ်ယူသည့် ထီဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေထဲမှ ကျပ်သန်း ၂၅ဝ တန်ဖိုးရှိဆုမဲများကို စတင် ထည့်သွင်းချီးမြှင့်ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ညွှန်ကြား ရေးမှူးချုပ် ဦးကျော်သန့်လွင်က မဇ္ဈိမကို ပြောသည်။
၅ ကြိမ်မြောက်ထီဖွင့်ပွဲမှစတင်ကာ ဘဏ္ဍာသိမ်းရငွေထဲမှ ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး လာမည့် ထီဖွင့်ပွဲများ တွင်လည်း လစဉ်တိုင်း ကျပ်သန်း ၂၅ဝ တန်ဖိုးရှိဆုမဲများကို ထည့်သွင်းချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58438

ရိုက်ကူး / တည်းဖြတ် - ဖူးအိအိနွယ်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Be the first to comment
Add your comment

Recommended