Skip to playerSkip to main contentSkip to footer
  • 6 years ago
ဖမ်းဆီးထားသော လမ်းလုပ်သားများကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားသည်ဟု AA ဆို
=====================
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်(AA)က ဖမ်းဆီးထားတဲ့ ဆုထူးစံကုမ္ပဏီက လမ်းလုပ်သား ၈ယောက်ကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပြီး စစ်ရေးအခြေအနေ တည်ငြိမ်တာနဲ့ ပြန်လွတ်ပေးဖို့ အဆင်သင့်ရှိတယ်လို့ AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောပါတယ်။

မိုင်းလားမြို့မှာ ကျင်းပနေတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄) ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့် အခမ်းအနားကို တက်ရောက်လာတဲ့ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က မီဒီယာတွေရဲ့ မေးမြန်းမှုကို အခုလို ဖြေကြားခဲ့တာပါ။
လမ်းလုပ်သားကုမ္ပဏီဝန်ထမ်းတွေဟာ စစ်ထောက်လှမ်းရေးဟောင်းတွေဆိုတဲ့ စွပ်စွဲချက်နဲ့ မတ်လ ၃၀ ရက်နေ့မှာ AA တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။

ရိုက်ကူး- သူရ မဇ္ဈိမ


Category

🗞
News

Recommended