Skip to playerSkip to main content
  • 7 years ago
product showcase

ပညာပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်း၏ တက္ကသိုလ်ဝင်တန်းအလွန်ပညာရေး ဟောပြောပွဲ
***************************
နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ ပညာပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်းက ကျင်းပပြုလုပ်တဲ့ တက္ကသိုလ်ဝင်တန်းအလွန်ပညာရေး ဟောပြောပွဲ အခမ်းအနားကို ပျဉ်းမနားမြို့၊ သုခစိုးဟိုတယ်မှာ ဇွန်လ ၂၆ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီဟောပြောပွဲ ကျင်းပ၊ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ပညာပန်းတိုင် ကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်သူ ဆရာကောင်းက အခုလိုပဲ ရှင်းပြပါတယ်။

အဲ့ဒီအခမ်းအနားမှာ စာရေးဆရာ ဒေါက်တာခင်မောင်ညိုက တက္ကသိုလ်ဝင်တန်းအလွန် လျှောက်လှမ်း ရမယ့် ပညာရေးကဏ္ဍအကြောင်း ၊ ဒေါက်တာသန်းထွဋ်ဦးက မျက်မှောက်ခေတ်မြန်မာ့ပညာရေးနှင့် Vocational Education အကြောင်း၊ Heaven Melody Co.ltd ၏ Founder and CEO ဦးချစ်မောင်မောင်က ဝါသနာနှင့်ပညာရေးအကြောင်း၊ I-Ready Education and Consultancy Co.ltd ၏ Found and Managing Director ဒေါ်ဝေမွန်လေးမြင့်က နိုင်ငံတစ်ကာပညာရေးနှင့် စကောလားရှစ်များအကြောင်း၊ အောင်သရဖူ တက္ကသိုလ်အကျိုးဆောင် လုပ်ငန်း တည်ထောင်သူ ဦးသိန်းက တက္ကသိုလ် လျှောက်ထားကြရာတွင် သိမှတ်ဖွယ်ရာများအကြောင်း ၊ City College Yangon ၏ Founder ဖြစ်သူ Mr.Deepak Neopane က Education for successful and Rewarding Career in New Myanmar Economy အကြောင်း ဟောပြောခဲ့ကြပါတယ်။

Category

🗞
News
Comments

Recommended