Skip to playerSkip to main contentSkip to footer
  • 6 years ago
ရန်ကုန်နှင့် ဒလကို ဆက်သွယ်မည့် မြစ်ကူးတံတား စတင်တည်ဆောက်
************************
မြန်မာ- ကိုရီးယား ချစ်ကြည်ရေး ရန်ကုန်- ဒလ မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်း ဒလဘက်ကမ်း Abutment Bored Pile အား ဇွန်လ ၂၈ ရက်နေ့၊ နံနက်ပိုင်းတွင် စတင်တူးဖော်ကာ မြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းကို စတင်ခဲ့သည်။

" စီမံကိန်းကာလကတော့ ၄၁ လကြာမယ်။ ကျွန်တော်တို့ကို ပြည်သူတွေကတော့ လုပ်ငန်းနှောင့်နှေးတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က နှောင့်နှေးတာမဟုတ်ပါဘူး။ ကျွန်တော်တို့က တည်ဆောက်ရေး လုပ်ငန်းတွေ မစခင်မှာ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေအများကြီးလုပ်ရပါတယ်။ ပြည်သူတွေသွားဖို့ လမ်းတွေ၊ ရေမြောင်းတွေ အဲ့ဒါတွေလုပ်ပြီးတော့ စာရွက်စာတမ်းတွေ၊ ခွင့်ပြုမိန့်တွေယူပြီးတော့မှ သက်ဆိုင်ရာ ကိုရီးယား အဖွဲ့တွေက ခွင့်ပြုတယ်ဆိုမှ ဒီလုပ်ငန်းကို စလုပ်ရတာပါ"ဟု "မြတ်နိုးသူ"ဆောက်လုပ်ရေးကုမ္ပဏီ၏ ဒလဘက် ကမ်း တည်ဆောက်ရေးလုပ်ငန်း ပရောဂျက်မန်နေဂျာ ဦးမောင်မောင်ချိုက မဇ္ဈိမကို ပြောသည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

Category

🗞
News

Recommended