Skip to playerSkip to main content
  • 6 years ago
ရန်ကုန်မှ ညောင်တုန်း ဗိုလ်မြတ်ထွန်းတံတားအထိ ကွန်ကရစ်လမ်း ခင်းရန် ဆောင်ရွက်နေ
******************************
ရန်ကုန်တိုင်း အစပ်မှ ဗိုလ်မြတ်ထွန်းတံတားအထိ ကွန်ကရစ်လမ်းခင်းရန် လျာထား ဆောင်ရွက် နေကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

"လျာထားတာပေါ့ အဓိက ADBနဲ့လုပ်ဖို့က ရန်ကုန်ကနေ ပုသိမ်အထိ အဲဒီအပိုင်းမှာ ADB ချေးငွေနဲ့ လုပ်ဖို့ ပြည်ထောင်စုလွှတ်တော်မှာလည်း သဘောတူပြီးသား အားလုံးသိတယ်။ သို့သော်လည်း အဲဒီ လုပ်ငန်းစဉ်တွေကြာနေတာဖြစ်တဲ့အတွက် ဒီကြားထဲမှာ မနှစ်ကပြည်ထောင်စု ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထိန်းထားတာပေါ့။ သို့သော်လည်းဘဲ အခုဟာက လျာပြီးတော့ ဘတ်ဂျက်ပေါ် မူတည်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် ဆောက်လုပ်ရေး ဒုဝန်ကြီးကော ရန်ကုန်တိုင်း လမ်းပန်း ဝန်ကြီးကော ကျွန်တော်ကော ကွင်းဆင်းကြည့်တာ ”ဟုဧရာဝတီတိုင်းဒေသကြီး လျှပ်စစ် စွမ်းအင် စက်မှုလက်မှုနှင့်လမ်းပန်းဝန်ကြီးဦးဝင်းဌေးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ညောင်တုန်း ဗိုလ်မြတ်ထွန်းတံတားအထိ ၂၄မိုင်ရှိသော လမ်းပိုင်းအား ကွန်ကရစ်လမ်းခင်းရန် လျာထားကြောင်းနှင့် လမ်းအကျယ်မှာ ပေ ၃၀ ရှိပြီး မြေသားပခုံးအကျယ်မှာ တစ်ဘက် ၃ပေရှိမည်ဖြစ်ကြောင်း ယခုလမ်းပိုင်းအား ရန်ကုန်တိုင်းဘက်တွင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပုသိမ်လမ်းကို BOTစနစ်ဖြင့်Oriental hightway ကုမ္ပဏီ မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အစိုးရက ပြန်လည်ရယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ လမ်းပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူ ပြုပြင်လျက်ရှိကြောင်း သိရသည်။

ရိုက်ကူး-စည်သူမောင်မောင်

Category

🗞
News
Be the first to comment
Add your comment

Recommended