Skip to playerSkip to main content
  • 7 years ago
ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး တို့ကို မေးမြန်းမည်ဟုဆို
**********************
အခုနှစ် နိုဝင်ဘာလအတွင်း ကောက်ယူမယ့် ကြားဖြတ်သန်းခေါင်စာရင်းမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့နဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကိုပါ မေးမြန်းသွားဖို့ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
နေပြည်တော်မှာ ဇွန်လ ၂၅ရက်နေ့က ပြုလုပ်တဲ့ ကြားဖြတ်သန်းခေါင်စာရင်းနဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲအပြီးမှာ ဝန်ကြီးက အခုလို ပြောခဲ့တာပါ။

အကြမ်းဖျင်းအားဖြင့် ကြားဖြတ်သန်းခေါင်းစာရင်း ကောက်ယူရာမှာ မေးမြန်းဖို့ မေးခွန်းပေါင်း ၁၂၆ခုကို လျာထားပြီး မေးခွန်းတွေနဲ့ပတ်သက်လို့ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ဆွေးနွေး၊ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

၂၀၁၄ခုနှစ်က တစ်နိုင်ငံလုံး ကောက်ခံခဲ့တဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံပြီး ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ဒဿမ ၁သန်း ရှိတယ်လို့ အခုနှစ် ဧပြီလဆန်းပိုင်းမှာ အစိုးရက တရားဝင်ထုတ်ပြန်ထားပါတယ်။

အခု နှစ်ကုန်ပိုင်းမှာ လုပ်မယ့် ကြားဖြတ်သန်းခေါင်စာရင်းမှတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေရဲ့ ၅ရာခိုင်နှုန်းကိုပဲ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

ရိုက်ကူးတည်းဖြတ် အောင်မြတ်သူ

Category

🗞
News
Comments

Recommended