Skip to playerSkip to main content
  • 7 years ago
"ရခိုင်ဒေသကနေ AA ထွက်သွားသင့်တယ်လို့ ဘယ်သူများ ပြောဖူးလဲ" ဆိုပြီး တပ်မတော် မေးခွန်းထုတ်

#MizzimaTV

"ရခိုင်ဒေသကနေပြီးတော့ AA(ရက္ခိုင့်တပ်)ထွက်သွားသင့်တယ်လို့ ဘယ်သူများ ပြောဖူးလဲ" ဆိုပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတစ်ကာအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဒုဥက္ကဌက မေးခွန်းထုတ်လိုက်ပါတယ်။

အေအေဟာ ရခိုင်ဒေသကို ဖိတ်ခေါ်လို့ရောက်လာတဲ့ အဖွဲ့အစည်းမဟုတ်ဘဲ အေအေ ရောက်လာမှ ရခိုင်ပြည်နယ်မှာ ပြဿနာဖြစ်တာလို့ ဗိုလ်ချုပ် ထွန်းထွန်းညီက မနေ့က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

(ရိုက်ကူး- မင်းမင်း/မဇ္ဈိမ)


Category

🗞
News
Comments

Recommended