Skip to playerSkip to main content
  • 7 years ago
ဧရာဝတီတိုင်းဒေသကြီးတွင် H1N1ရောဂါ အတွက် စီမံချက်များဖြင့် ဆောင်ရွက်နေ
*******************************
ဧရာဝတီတိုင်းဒေသကြီးတွင် H1N1ရောဂါ နှင့်ပတ်သက်ပြီး စီမံချက်ချ ဆောင်ရွက်ထားကြောင်း ၊ ယခုအချိန်အထိ ဖြစ်ပွားမှုမရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးဒေါက်တာသီဟအောင်က ပြောသည်။

“ဧရာဝတီတိုင်းဒေသကြီးဟာ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဆက်စပ်မှုရှိတဲ့အတွက်ကြောင့်မို့ ဧရာဝတီ တိုင်းဒေသကြီးမှာ ပျံ့နှံ့မှု ကူးစက်ရောဂါမဖြစ်ပွားစေဖို့အတွက် ကျွန်တော်တို့တိုင်းဒေသကြီး ကျန်းမာ ရေးဦးစီးဌာနအနေဖြင့် တုက်ကွေးရောဂါနဲ့ ဆင်တူတဲ့ရောဂါတွေ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်း များကို ဆောင်ရွက်နေပါတယ်။ ဆေးရုံအခြေပြု ပြင်းထန်အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်နေပါတယ်”ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွန်ကြား ရေးမှူး ဒေါက်တာသီဟအောင်ကပြောသည်။

၂၀၁၇ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၌ H1N1 ရောဂါ ၃၃ဦး ဖြစ်ပွားခဲ့ပြီး၊ ၁၅ဦး သေဆုံးခဲ့ကြောင်း သည့်နောက်ပိုင်း နှစ်များတွင် ဖြစ်ပွားမှု မရှိသေးကြောင်း သိရသည်။

ရိုက်ကူး- စည်သူမောင်မောင်

Category

🗞
News
Comments

Recommended