Skip to playerSkip to main contentSkip to footer
  • 6 years ago
ဈေးသစ်သို့ မပြောင်းလို၍ တညင်းကုန်းဈေးဟောင်းမှ ဈေးသူ ဈေးသား ၅၀၀ ကျော် အင်းစိန်ဈေးရှေ့ထိ ချီတက်ဆန္ဒပြ
************************************
အခွန်အခ ကြီးမြင့်သည့်အတွက်ဆိုကာ အသစ်ဆောက်လုပ်ထားသည့် ဈေးသစ်သို့ မပြောင်းရွှေ့လိုသည့် တညင်းကုန်းဈေးဟောင်းမှ ဈေးသူ၊ ဈေးသား ၅၀၀ ကျော်က ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တညင်းကုန်း ဈေးဟောင်းမှ အင်းစိန်ဈေးအထိ ၂ နာရီကျော် ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

" အစ်မတို့ ဒီမှာက တစ်ရာဖိုးကနေ စပြီးတော့ ရောင်းသွားတာ။ ဒီမှာ ရောင်းနိုင်တယ်။ ဒီလိုရောင်းနိုင်တာ ကလည်း အခွန်သက်သာလို့ ရောင်းနိုင်တယ်။ ဟိုဖက်မှာကျတော့ တစ်နေ့မှာ တစ်ကြိမ်ပဲကို ငါးပေပတ်လည်ကို ကိုးရာကျတယ်။ အစ်မက ဟိုမှာ(ဈေးသစ်)လည်း မနက်ပိုင်းအစောရောင်းတယ်။ ငါးပေလေးကွက် ယူထား တယ်။ တစ်ရက်မှာ တစ်ကြိမ်ကိုပဲ ၃၆၀၀ ကျတယ်။ အဲ့ဒါမှာ အမကုန်တွေများနေတော့ ထပ်ထားရတဲ့ အခါကျ တော့ ကုန်တွေက နာကုန်ရော။ မနေ့ကဆို သခွားသီး နှစ်အိတ်လွှင့်ပစ်လိုက်ရတယ်။ ငရုတ်သီးစိမ်းတွေလည်း ပုပ်ကုန်လို့ အကုန်ပစ်လိုက်ရတယ်"ဟု တညင်းကုန်းဈေး၊ ရုံ(က)တွင် ကုန်စိမ်းရောင်းချနေသူ ဒေါ်မြင့်မြင့်ဌေးက မဇ္ဈိမသို့ပြောသည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

Category

🗞
News

Recommended