Skip to playerSkip to main content
  • 7 years ago
ကျောင်းသား၊ကျောင်းသူ ၂ဝဝ နီးပါးကို “မမြတ်လေးပညာရည်ချွန်ဆု” များ ချီးမြှင့်

***********************
အခြေခံ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်မှ ထူးချွန်သော ကျောင်းသား၊ ကျောင်းသူ ၂ဝဝ နီးပါးကို စာရေးဆရာမကြီး မမြတ်လေး၏ ''မမြတ်လေး ပညာရည်ချွန်ဆုများ ချီးမြှင့်ခဲ့သည်။

အဆိုပါ မမြတ်လေးဆုများပေးအပ်ချီးမြှင့်ခြင်းကို အသက် ၈ဝ ကျော်၊ ၉ဝ အရွယ်အထိ ဒီပလိုမာ သင်တန်းများ တက်ရောက်ကာ ပညာဆည်းပူးခဲ့သည့် စာရေးဆရာမ ဒေါ်မြတ်လေး၏ ကျန်ရစ်သူမိသားစုများ၊ အခြေခံပညာ ဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57975
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended