Skip to playerSkip to main content
  • 7 years ago

လူကယ်ပြန်ဝန်ကြီးဌာနမှ ပုသိမ်တွင် ထောက်ပံ့ပေးအပ်ပွဲ ပြုလုပ်
************************
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ ဘတ်ဂျက်မှာ ၀.၄%သာ ရရှိကြောင်း နှင့် လက်ရှိအစိုးရတက်လာသည့် ၂၀၁၆ ခုနှစ်တွင် ဘတ်ဂျက်မှာ ၀.၀၇%သာရရှိကြောင်းကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများနှင့် မိခင်ဝိုင်းများထောက်ပံပေးအပ်ပွဲ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
"ကျွန်တော်တို့က ဥပဒေတွေ မူဝါဒတွေ၊ မဟာဗျုဟာတွေ ၊စီမံချက်တွေရေးဆွဲပြီး စီမံချက်တွေနဲ့ တကယ့်ကို ထိထိရောက်ရောက် ဆောင်ရွက်ပြီး မသန်စွမ်းတွေ ထောက်ပံ့တယ်။ သက်ကြီးရွယ်အိုပင်စင် လတိုင်းပေးတာတွေ လုပ်တယ်။ ကလေးသူငယ်တွေအတွက် စောင့်ရှောက်ဖို့ နည်းလမ်းတွေလုပ်တယ်။ မူးယစ်နဲ့ပတ်သက်လို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်တယ်။”ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။
ဇွန် ၁၆ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီးရှိ အသက် ၈၅ နှစ်အထက် အဘိုးအဘွားများ၊ မသန်စွမ်းများနှင့် မိခင်ဝိုင်းများ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ထောက်ပံ့ပေးအပ်ပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
ရိုက်ကူး-စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended