Skip to playerSkip to main content
  • 7 years ago
ဈေးကွက် လက်ဝါးကြီးအုပ်သူများကို တိုင်ကြားနိုင်တော့မည်

**********************************
ဈေးကွက်အတွင်း ကုန်ပစ္စည်းတစ်မျိုးမျိုးကို လက်ဝါးကြီးအုပ်ကာ ဈေးကစားနေသူများကို မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်သို့ တိုင်ကြားနိုင်တော့မည်ဟု သိရသည်။

ကိုယ့်အချင်းချင်း မတော်မတရား အခွင့်အရေး ယူတာတွေ ၊ ဈေးကွက် လက်ဝါးကြီးအုပ်တာတွေ၊ ဈေးကစား တာတွေ နောက်တင်ဒါတွေ ဘာတွေမှာ ဈေးညှိပြီးတော့ ပြိုင်တာတွေ၊ နောက်ပြီးးတော့ တစ်ယောက်ကို တစ်ယောက်ပေါ့နော်။ တိုက်ခိုက်ပုတ်ခတ်တာတွေ နောက်တစ်ခုက စာချုပ်စာတမ်းတွေနဲ့ လုပ်ထားတဲ့ ၀န်ထမ်းတွေ အလုပ်သမားတွေ ကျွမ်းကျင်သူတွေကို သွေးဆောင်ဖြားယောင်းပြီးတော့ ကိုယ့်ဘက်ကို ပါအောင် လို့ မတော်တရားလုပ်တာတွေပေါ့နော်။ အဓိကကတော့ ဒီ တစ်ယောက်နဲ့ တစ်ယောက် စီးပွားရေး လုပ်တယ် ဆိုတော့ သမာအာဇီဝ ယှဉ်ပြိုင်ကြပါ။ နည်း လမ်းမျှတတဲ့ Fair competition နဲ့ လုပ်ကြပါ” ဒုတိကယဥက္ကဋ္ဌ ဦးသန်းမောင်

ရိုက်ကူး၊တည်းဖြတ်- အောင်မြတ်သူ

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57742

Category

🗞
News
Comments

Recommended