Skip to playerSkip to main content
  • 6 years ago

လေးမျက်နှာမြို့နယ် ကိုယ်စားလှယ်က ဓာတ်သတ္တု ထုတ်လုပ်မှုအား စီမံနေမှုကို မေးခွန်းထုတ်
**********************
လိုင်စင်မရှိဘဲ ဓာတ်သတ္တုများ ထုတ်ယူနေမှုအခြေအနေနှင့် တိုင်းဒေသကြီးအတွင်း လမ်းတံတား၊ အဆောက်အဦစသည့် စီမံကိန်းလုပ်ငန်းများတွင် အရည်အသွေး မပြည့်မီသည့် သဲ၊ ကျောက်များကို အသုံးပြုနေရသလို ဒေသဈေးနှုန်းထက် တန်ဖိုးကြီးမြင့်စွာ ပေးဝယ်နေရသဖြင့် အရည်အသွေးနှင့်လုပ်ငန်း အချိန်မီပြီးစီးနိုင်ရေးကို များစွာထိခိုက်စေနိုင်ကြောင်း လေးမျက်နှာမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးစိုးခိုင်က လွှတ်တော်တွင် ပြောသည်။ ထို့ပြင် တောင်နံရံများတွင် တရားမ၀င် ကျောက်ထုတ်နေမှုများကိုပါ ဦးစိုးခိုင်က ထောက်ပြပြောဆိုခဲ့သည်။

“ခွင့်ပြုပေးခဲ့ခြင်းများကို စိစစ်ကြပ်မတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ခရိုင်အလိုက် ခရိုင်အုပ်ချုပ်ရေးမှူးများ ဦးစီးပြီး ကြီးကြပ်ရေးအဖွဲ့ များကို ၎င်းမြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ ဦးစီးပြီး ဖမ်ဆီးရမိရေးအဖွဲ့ကို ဖွဲ့ စည်းထားရှိပြီးတော့ စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်”ဟု ဧရာဝတီတိုင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က ဖြေကြားသည်။

ရိုက်ကူး-စည်သူမောင်မောင်

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Be the first to comment
Add your comment

Recommended