ပရိသတ်စစ်တမ်းအရ အကောင်းဆုံးအသင်းအဖြစ် ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ် အဆင့် (၄)မှာသာ ရပ်တည်
*********************
Banco Santander မှ ၂၀၁၈-၁၉ ရာသီ လာလီဂါအတွက် ပရိသတ်တွေကို စစ်တမ်းကောက်ယူမှုတစ်ရပ်ပြုလုပ်ခဲ့ရာ ဘာစီလိုနာဟာ လာလီဂါမှာ ရမှတ် (၁၀) ပေးရာမှာ (၈.၃) မှတ်၊ ချန်ပီယံလိဂ်မှာ (၆.၃)မှတ်နဲ့ အမြင့်ဆုံး အဆင့်သတ်မှတ်ချက်ဖြင့် ရပ်တည်နေတဲ့ စပိန်ကလပ်ဖြစ်ပါတယ်။
စပိန်ပရိသတ်တွေဆီ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ရီးယဲလ်မက်ဒရစ်ဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲနှစ်ရပ်လုံးမှာ ကျရှုံးခဲ့တာကြောင့် ပျမ်းမျှ (၄.၈)မှတ်နဲ့ အက်သလက်တီကို၊ ဗလင်စီယာအသင်းတို့ရဲ့အောက် အဆင့် (၄)နေရာမှာသာ ရပ်တည်ခဲ့ပါတယ်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/57692
#အားကစားသတင်း #SportNews #MizzimaNewsInBurmese #မဇ္ဈိမ
Comments