အလောင်းတော်ကဿပ ဂေါပကအဖွဲ့ ငွေကြေးအလွဲသုံးဟု ရှင်းလင်း
*********************
“ အလောင်းတော်ကဿပကို ဘုရားဖူးလာရောက်ကြတဲ့ ဘုရားဖူးပြည်တွေအနေနဲ့ ကလေးတွေအတွက် ပိုက်ဆံတွေကို လမ်းပေါ်ကြဲချပြီး အပျော်မရှာကြဖို့ မေတ္တာရပ်ခံပါတယ်” ~ ဆရာတော် ဦးသောပါက(သပြေအေးရွာ ယင်းမာပင်မြို့နယ်)
အလောင်းတော်ကဿပ ဂေါပကအဖွဲ့၏ ငွေကြေးအလွဲသုံးစားမှုများဟုဆိုကာ သတင်းစာရှင်းလင်းပွဲတစ်ရပ် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ထန်တောအင်းစပ် PCT ပရဟိဂေဟာရုံးတွင် ဇွန် ၂ ရက်နေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။
နှစ်စဉ် ဂေါပကအဖွဲ့မှ လမ်းဖောက်ခြင်းလုပ်ငန်းများ၊ ဈေးဆိုင်ခန်းကိစ္စများ၊ အဆောက်အဦ ဆောက်လုပ်ခြင်း များနှင့် ပတ်သက်၍ ဂေါပကအဖွဲ့မှ ငွေကြေးအလွဲသုံးစားပြုလုပ်မှုများ ပြုလုပ်သည်ဟုဆိုကာ အဂတိတိုက်ဖျက်ရေးအဖွဲ့သို့ တိုင်ကြားခဲ့ပြီးနောက် တိုင်ကြားသူက ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ရိုက်ကူး - ဘုန်းနိုင်ဖြိုး၊ မဇ္ဈိမ
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category
🗞
News