Skip to playerSkip to main content
  • 7 years ago
လက်ရှိမှာ မြန်မာ့ရိုးရာပန်းဆယ်မျိုးထဲက တစ်မျိုးအပါအဝင်ဖြစ်တဲ့ ပန်းယွန်းလုပ်ငန်းဟာ မျိုးဆက်သစ်တွေရဲ့ စိတ်ဝင်စားမှုလျော့နည်းနေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် မျိုးဆက်သစ်တွေနဲ့ ပြည်တွင်းပြည်ပခရီးသွားတွေ စိတ်ဝင်စားလာစေဖို့အတွက် ယွန်းထည်ပစ္စည်းတွေကို ဝတ်ဆင် အသုံးပြုပြီး ပုဂံမြို့ အာနန္ဒာဘုရားမှာ ကဆုန်ညောင်ရေသွန်းပွဲ ကို အစဉ်အလာအတိုင်း ကျင်းပခဲ့ပါတယ်။

“ကျွန်မတို့ ဈေးကွက်က ဒီနေ့အထိ နိုင်ငံခြားသားကိုပဲ မှီခိုနေရတာ။ Tourism အောင်မြင်နေရင် ဒီလုပ်ငန်းက ဆက်ပြီး ကျန်ရစ်နေမှာပဲ။ တကယ်လို့ Tourism သာ ပျက်သွားလို့ နိုင်ငံခြားသားမလာဘူးဆိုရင် ကျွန်မတို့ ဈေးကွက်ပျက်သွားနိုင်တယ်” လို့ ယွန်းလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended