ဘာကြောင့်ဒဂုန်တာရာလဲ
****************
ဆရာကြီး ဒဂုန်တာရာရဲ့ ရာပြည့်ပွဲကို မေ ၁ဝ ရက်နေ့က ရန်ကုန်မြို့ ၊ လောကနတ်အနုပညာခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
စိတ်ကူးချိုချိုပုံနှိပ်တိုက်က ပြုလုပ်တဲ့ ပြပွဲမှာတော့ ဒဂုန်တာရာရဲ့ အမှတ်တရဓာတ်ပုံတွေ၊ ပန်းချီ၊ ဗီဒီယို၊ မှတ်တမ်းမှတ်ရာတွေ၊ ရေးသားခဲ့တဲ့ စာအုပ် ကဗျာတေ၊ ဆရာကြီး အသုံးပြုခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပြသထားပြီး ဘာကြောင့် ဒဂုန်တာရာလဲ ဆိုတာကို မြင်တွေ့နိုင်အောင် ဖန်တီးထားပါတယ်။
ဒဂုန်တာရာဟာ ၁၉၁၉ ခုနှစ်၊ မေ ၁ဝ ရက်နေ့မှာ မွေးဖွားခဲ့ပြီး သက်ရှိ ထင်ရှား ရှိစဉ်က ပြည်သူ့လွတ်မြောက်ရေး၊ အမျိုးသားလွတ်မြောက်ရေးကို ဦးတည်တဲ့ စာပေနှင့် ကဗျာတွေကို ရေးသားခဲ့တဲ့ စာပေပညာရှင်တစ်ဦး ဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ
Comments