စောင့်ကြည့်သတင်းပို့စနစ်ကြောင့် တရားမဝင်သစ်များ ပိုမိုဖမ်းဆီးလာနိုင်
****************************************
ဧရာဝတီတိုင်းဒေသကြီးးတွင် ဒေသလူထုအခြေပြု စောင့်ကြည့်သတင်းပို့စနစ်ကြောင့် တရားမဝင်သစ်များ ပိုမိုဖမ်းဆီးလာနိုင်ကြောင်း သစ်တောဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးကျော်ဇေယျ ကပြောသည်။
"သတင်းရယူဖမ်းဆီးခြင်းမှာ ကျွန်တော်တို့ဌာနက လက်တွေ့ကျင့်သုံးနေတဲ့ ဒေသလူထု အခြေပြု စောင့်ကြည့် သတင်းပို့စနစ်နဲ့ ဆောင်ရွက်တဲ့အပြင်၊ ဒေသခံပြည်သူတွေဟာ သူတို့အနီးပတ်ဝန်ကျင်မှာ တရားမဝင် သစ်ထုတ်လုပ်လုပ်ကိုင်မှုနဲ့ ပတ်သက်ပြီး အချိန်မရွေးလှမ်းပြီး ဆက်သွယ်နိုင်ဖို့ ဖုန်းနံပါတ်တွေ ဖြန့်ပေးထား တယ်။ နယ်တွေဆင်းတဲ့အခါ ဒေသခံပြည်သူနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်တဲ့အခါ တရားမဝင် သစ်ထုတ်လုပ် မှုတွေ သစ်တောကြိုးဝိုင်းကျုးကျော်မှုတွေနဲ့ ပတ်သက်လာရင် အချိန်မရွေးဆက်သွယ်ပေးပါဆိုပြီး ဖုန်းနံပါတ် တွေ ဖြန့်ပေးထားတယ်၊ဒေသခံပြည်သူတွေက စိတ်ဝင်တစားနဲ့ သတင်းပို့လာလို့် အချိန်နဲ့တစ်ပြေးညီ လိုက်ပါ ဆောင်ရွက်တယ်။ သတင်းလုံခြုံမှုရှိအောင် ဆောင်ရွက်ထားလို့ လုပ်ကိုင်ဆောင်ရွက်မှုအားကောင်းလို့ တရား မဝင် သစ်ဖမ်းဆီးမှုတွေ ပိုမိုရရှိလာတာဖြစ်ပါတယ်” ဟု သစ်တောဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးကျော်ဇေယျ က ပြောသည်။
၂၀၁၉ခုနှစ် ပထမလေးလပတ်တွင် တရားမဝင်သစ်တန်ချိန် ၁၈၅၀ ဖမ်းဆီးနိုင်ပြီး၊၂၀၁၈ခုနှစ်က ပထမလေးလ ပတ်တွင် သစ်တန်ချိန် ၅၀၀ကျော်သာ ဖမ်းဆီးရမိခဲ့သည်။ ထို့သို့ ဖမ်းဆီးရမိမှု တိုးတက်လာခြင်းမှာ ဒေသခံ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းပေးပို့လာခြင်းတို့ကြောင့် ပိုမိုဖမ်းဆီးလာနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ရိုက်ကူး- စည်သူမောင်မောင်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ
Comments