Skip to playerSkip to main content
  • 7 years ago
ပြည်ပရောက်မြန်မာများက ဂုဏ်ပြုချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲ
***********************
ပြည်ပရောက်မြန်မာများက ဂုဏ်ပြုချီးမြှင့်သည့် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲ အခမ်းအနားကို ဧပြီ ၂၈ ရက်၊ မွန်းလွဲ ၁ နာရီက မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းနှင့် ၇၂ လမ်းထောင့်ရှိ Mandalay Convention Center တွင် ပြုလုပ်ခဲ့သည်။

၂၀၁၉ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ဆုရှင်အဖြစ် မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပြည်သူ့ဂုဏ်ရည်(အထူးဆုရှင်)များအဖြစ် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်၊ ကျောင်းဆရာမလေး ဒေါ်အိအိညိမ်း၊ ကချင်တိုင်းရင်းသူ မဆွတ်ဆိုင်းထွယ် နှင့် Clean Yangon Campaign တို့ကရရှိခဲ့ကြပြီး ၎င်းတို့ကို ဆုများ ပေးအပ် ချီးမြှင့်ခြင်းဖြ
စ်သည်။
အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည်အသင်းက မြန်မာပြည်တွင်း၌ လူမှု အကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့်ဆောင်ရွက်နေသူများကို ပြည်သူ့ဂုဏ်ရည်ဆုဖြင့် ဂုဏ်ပြု ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပြီး ၎င်းဆုကို ၂၀၁၀ ခုနှစ် က စတင်၍ ပေးအပ်ချီးမြင့်ခဲ့ခြင်း ဖြစ်သည်။

ထိုပေးအပ်ချီးမြှင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယခုလို ပြောသည်။
(ရိုက်ကူး၊အောင်ခိုင်မြဲ၊မဇ္ဈိမ)

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended