Skip to playerSkip to main content
  • 7 years ago
ကာကွယ်ဆေးထိုးရမည်ကို အလုပ်ပိုတစ်ခုကဲ့သို့ ထင်လာကြဟု ပြည်သူ့ကျန်းမာရေးဌာနမှ ညွှန်မှူးပြော
*****************************************
ကာကွယ်ဆေးကြောင့် ကူးစက်ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုအရေအတွက် တစ်နှစ်ထက်တစ်နှစ် လျော့ကျလာ သည်နှင့်အမျှ မိဘများ၏ စိတ်ပူပင်မှုက ကြောက်စရာကောင်းသည့် ကူးစက်ရောဂါများအစား ကာကွယ်ဆေး ထိုးရမည်ကို အလုပ်ပိုတစ်ခုကဲ့သို့ ထင်လာကြသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာ စည်သူအောင်က ပြောဆိုလိုက်သည်။

နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့သည့်အတိုင်း ဧပြီလ ၂၄ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ကလေးငယ်များကို ကာကွယ်ဆေး အခမဲ့ထိုးပေးသွားမည်ဖြစ်ပြီး ကလေးများ၏ ကျန်းမာရေးအတွက် မဖြစ်မနေ လာရောက် ထိုးနှံကြရန်လည်း တိုက်တွန်းထားသည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended