Skip to playerSkip to main content
  • 7 years ago
မြန်မာဘက်က ဝင်လာတဲ့ မူးယစ်ဆေးတွေ ပိုများလာတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော
#MIzzimaTV
မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မူးယစ်ဆေးဝါးနဲ့ အထူးသဖြင့် ရာဘ ဝင်ရောက်မှုဟာ ပိုများ လာတာကြောင့် ကာကွယ်တားဆီးပေးဖို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တောင်းဆိုလိုက်ပါတယ်။
နေပြည်တော်မှာ ဧပြီလ၈ရက်နေ့က ကျင်းပတဲ့ (၆)ကြိမ်မြောက် မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြား စောင့်တပ်ဖွဲ့ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေး မှူးချုပ်က အခုလို ပြောဆိုလိုက်တာပါ။
ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက်မှာ ပစ်ခတ်မှုတွေရှိပြီး အရပ်သားတွေ သေဆုံးမှုရှိတာကြောင့် ဒီလို အကြောင်းမဲ့ ပစ်ခတ်မှုတွေ မဖြစ်စေဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်က တောင်းဆိုခဲ့ပါတယ်။
အဆိုပါ အစည်းအဝေးမှာ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အပါအဝင် အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုစတဲ့ နယ်စပ်ဆိုင်ရာကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ရိုက်ကူး-မင်းမင်း

Category

🗞
News
Be the first to comment
Add your comment

Recommended