Skip to playerSkip to main contentSkip to footer
  • 6 years ago
တိုက်ပွဲများကြောင့် မြောက်ဦးဒေသရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်
*******************
ရခိုင်ပြည်နယ်လို့ ပြောလိုက်တာနဲ့ ပဋိပက္ခတွေ၊ ဘာသာရေး၊ လူမျိုးရေးပြသနာတွေကို ပြေးမြင်မိကြမှာပါပဲ။ အဲဒီထဲက ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းမြို့တော် မြောက်ဦးကတော့ ရှေးဟောင်းသုသေသနနဲ့ သက်ဆိုင်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေရဲ့ ဆွဲဆောင်မှုနေရာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး မျှော်လင့်ချက် လည်း ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိမှာတော့ ဖွံ့ဖြိုးစပြုနေတဲ့ မြောက်ဦးဟာ စစ်ပွဲဒဏ်ကြောင့် စီးပွားရေးသာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့ ထိခိုက်နေပြီး ဒေသခံပြည်သူတွေကတော့ ကြောက်လန့်စိုးရိမ်မှုတွေနဲ့ နေ့စဉ်ရက်ဆက် ဖြတ်ကျော်နေကြရပါတယ်။

လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်ဟာ ဘင်္ဂါလီဒုက္ခသည်တွေအရေးအပြင် ဒေသခံဒုက္ခသည်တွေကိုပါ ထပ်မံထမ်းပိုးထားနေရပါတယ်။

ရိုက်ကူး၊တည်းဖြတ်-ရဲနိုင်(လောက်ကိုင်)
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News

Recommended