Skip to playerSkip to main content
  • 7 years ago
NV Card ဆိုတာ ဘာလဲ
*****************************
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ လုပ်ငန်းစဉ်တွေဟာ ကြန့်ကြာနေပါတယ်။

ဒုက္ခသည်တွေ ပြန်ဝင်လာရင် မြန်မာအစိုးရဘက်က ထုတ်ပေးမယ်လို့ ပြောဆိုထားတဲ့ NV Card ကို သူတို့က လက်ခံခြင်း မရှိပါဘူး။

NV Card ဆိုတာနဲ့ ပတ်သက်ပြီး လက်ရှိ ကာယကံရှင်တွေရဲ့ မိဘဘိုးဘွားဇစ်မြစ်တွေကို စစ်ဆေးသွားမှာ ဖြစ်ပေမယ့် နိုင်ငံသားအဆင့်ကို လျှော့ချလိုက်တာမျိုး မဟုတ်ဘူးလို့ လူမှုဝင်မှုကြီးကြပ်ရေးက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

“ ဒီ NV Card ဆိုသည်မှာ ဘာမှ မဟုတ်သေးပါဘူး။ နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ အထောက် အထား တစ်ခုခုရရှိဖို့ လျှောက်ထားစဉ်မှာ ကနဦးထုတ်ပေးထားသော တိုကင်လက်မှတ်သဘောသာ ဖြစ်ပါတယ်။ ဘာ အဆင့်အတန်းမှ သတ်မှတ်ပေးထားတာ မဟုတ်ပါဘူး”လို့ ဒုညွှန်မှူး ဦးသန့်ဇင်က ပြောပါတယ်။

ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လာဖို့အတွက် အဓိက နှောင့်နှေးနေတဲ့အချက်ဟာ National Verification Card လို့ ခေါ်တဲ့ NV Card လျှောက်ထားရတဲ့အပေါ်မှာ မူတည်နေပါတယ်။ ဒီကတ်ကို ဒုက္ခသည်တွေက လိုလားခြင်း မရှိဘဲ နိုင်ငံသားဖြစ်ခွင့်ကို တောင်းဆိုနေကြတာပါ။

ရိုက်ကူး-အေးချမ်းခိုင်၊ ဇေယျာမော်

တည်းဖြတ်- ဇေယျာမော်

Category

🗞
News
Be the first to comment
Add your comment

Recommended