မုံရွာကန်သာယာမှာ ပထဆုံးအကြိမ် ကျင်းပမဲ့ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်

  • 5 years ago
မုံရွာကန်သာယာမှာ ပထဆုံးအကြိမ် ကျင်းပမဲ့ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်
******************************************************
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာကန်သာယာမှာ ပထဆုံးအကြိမ် ကျင်းပပြုလုပ်မယ့် မြန်မာ့ရိုးရာလမ်းလျှောက် သင်္ကြန်ပွဲတော်မှာ ဖျော်ဖြေရေးစင် တစ်စင်၊ အုန်းလက်တွေနဲ့ အလှဆင်ထားတဲ့ ရေကစားမဏ္ဍပ် ပေါင်း ၃၀ ၊ စတုဒီသာမဏ္ဍပ်တွေ အဝင်မုဒ်ပေါက်နဲ့ အထွက်မုဒ်ပေါက်မှာ သနပ်ခါး ကျောက်ပြင်ကြီးတွေ စီစဉ်ပေးသွားမှာ ဖြစ်ပြီး ပုသိမ်ထီး အလက် ၃၀၀ နဲ့ အလှဆင်သွားမှာဖြစ်ပါတယ်။

ရိုးရာသင်္ကြန်လုံခြုံရေးအတွက် CCTV အလုံး ၂၀၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေနဲ့ နာရေးကူညီမှုအသင်းတွေ စုပေါင်းပြီး လုံခြုံရေးအစီအစဉ်တွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ခိုက်ရန် ဖြစ်ပွားတာ နည်းစေဖို့ တောင်းပန်ရေးအဖွဲ့ အဖွဲ့စည်းထားတယ်လို့ ရိုးရာသင်္ကြန် ဖြစ်မြောက်ရေးကော်မတီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးအောင်နေမျိုးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကန်သာယာကန်မှာ ကျင်းပပြုလုပ်တာဖြစ်တဲ့အတွက် မဏ္ဍပ်တွေနဲ့အနောက်မှာ ထရံတွေ ကာထားပြီး ရေပြင် လုံခြုံရေးအတွက် စပိဘုတ်တွေနဲ့ ကန်အတွင်းမှာ မီးသတ်တပ်ဖွဲ့ဝင်တွေက အရန်သင့် စောင့်ပေးသွားမှာ ဖြစ်ကာ အသက်ကယ်ဘောကွင်းတွေ ချပေးသွားမယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရိုးရာလမ်းလျှောက် သင်္ကြန်တွေကို ရွှေဘိုမြို့မှာလည်း ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရိုက်ကူး၊တည်းဖြတ်-ဘုန်းနိုင်ဖြိုး

Category

🗞
News

Recommended