Skip to playerSkip to main contentSkip to footer
  • 4/1/2019
ရခိုင်စစ်ရှောင်ထဲ အများစုမှာ သက်ကြီးရွယ်အိုနှင့် ၊ အမျိုးသမီး ၊ ကလေးသူငယ်များဖြစ်နေ
****************************
မြောက်ဦးမြို့နယ်အနီးတစ်ဝိုက်မှာ တပ်မတော်နဲ့ ရခိုင့်တပ် အေအေတို့ကြား တိုက်ပွဲတွေ ရှိနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်တွေ အရေအတွက်ဟာလည်းပဲ နေ့စဉ် မြင့်တက်လာနေပြီး တစ်ပြည်နယ်လုံးအရဆိုရင် မြို့နယ် ၆ မြို့က ယာယီခိုလှုံရာနေရာ ၅၈ နေရာမှာ လူဦးရေ ၁၆,ဝဝဝ ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သူတို့တွေရဲ့ စစ်ရှောင်နေရမှုမှာ ကြုံတွေ့နေကြရတဲ့ အခြေအနေမှန်များကို သိရှိနိုင်ဖို့ မဇ္ဈိမက သတင်းသွားရောက်ရယူခဲ့ရာမှာ အများစုဟာ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ ဖြစ်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ မဇ္ဈိမသတင်းထောက် ဇေယျာမော်ရဲ့ သတင်းပေးပို့မှုကို ဆက်လက်ကြည့်ရှုကြရအောင်ပါ။

ရိုက်ကူး ၊ တည်းဖြတ် - ဇေယျာမော်

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News

Recommended