Skip to playerSkip to main content
  • 7 years ago
ဗိုလ်မှူးကြီး ဗထူးကျောက်တိုင် ရွှေ့ပြောင်းမှုတွင် မြေးဖြစ်သူ၏ သဘောတူညီချက် ယူခဲ့သည်ဆိုမှာ မဟုတ်မှန်ကြောင်း ပြော
*******************************************************************
ဗိုလ်မှူးကြီး ဗထူးကျောက်တိုင်ကို ရွှေ့ပြောင်းရာတွင် မိသားစုဝင် မြေးဖြစ်သူ၏ သဘောတူညီချက်ဖြင့် ရွှေ့ပြောင်းခဲ့သည်ဟု ဆိုသည့်အပေါ် ဗိုလ်မှူးကြီးဗထူး၏ ဒုတိယသား ဦးဆန်းထူး( ခေါ် ) ဦးဆန်းဝင်း၏ သမီးများဖြစ်သော ၊ ဗိုလ်မှူးကြီးဗထူး၏ မြေးများဖြစ်သော ဒေါ်နီနီထူး၊ ဒေါ်ကေသီထူး၊ ဒေါ်ရီရီထူး၊ ဒေါ်တင်မာထူး တို့က သဘောတူညီချက် ယူခဲ့သည်မှာ မဟုတ်မှန်ကြောင်း ပြောခဲ့ပြီး သဘောတူညီလိုက်သော မြေးအမည်အား သိချင်ကြောင်း မဇ္ဈိမသို့ မတ် ၃၁ ရက်က ဆက်သွယ်ပြောဆိုထားသည်။

မတ်လ ၂၉ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ရွှေ့ပြောင်းခံလိုက် ရသော အောင်ပန်းမြို့အထိမ်းအမှတ် ဗိုလ်မှူးကြီး ဗထူးကျောက်တိုင် ရွှေ့ပြောင်းမှုသည် ဗိုလ်မှူးကြီး၏ မြေးဖြစ်သူ သဘောတူညီချက်နှင့် ဒေသခံတို့၏ သဘောတူညီချက်ကို ယူပြီးမှ လုပ်ဆောင်ခဲ့ခြင်းဆိုသော ပြည်နယ်အစိုးရ၏ ဖြေဆိုချက်အပေါ် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ကိုးကားပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး၊တည်းဖြတ်-ဖူးအိအိနွယ်

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မဇ္ဈိမ မှ ထပ်မံဖော်ပြသွားမည် ဖြစ်ပါသည်။

Category

🗞
News
Be the first to comment
Add your comment

Recommended