Skip to playerSkip to main contentSkip to footer
  • 6 years ago
မန္တလေးသင်္ကြန်တွင် ယိမ်းအကအလှ ပြိုင်ပွဲကျင်းပရန် စာနယ်ဇင်းရှင်းလင်း
*********************
မြန်မာ့ရိုးရာ အတာသင်္ကြန်၏ ပုံရိပ်တစ်ခုဖြစ်သော သင်္ကြန်ယိမ်းအကအလှများ ပိုမိုတိုးတက် ထွန်းကား လာစေရန်နှင့် ရိုးရာအစဉ်အလာကိုထိမ်းသိမ်းသည့်အနေဖြင့်ကျင်းပပြုလုပ်မည့် မင်္ဂလာမန္တလေး မြန်မာ့ ရိုးရာအတာသင်္ကြန်ပွဲတော်နှင့်ယိမ်းအကအလှပြိုင်ပွဲကြီး ကျင်းပမည့်အစီအစဉ်များအား စာနယ်ဇင်း မီဒီယာ များအား ရှင်းလင်းခြင်းကို ၂၀၁၉ ခုနှစ်၊မတ်လ ၂၈ ရက်၊မွန်းလွဲပိုင်းက မန္တလေးမြို့၊မင်္ဂလာမန္တလေးရှိ ရုံးခန်းတွင်ပြုလုပ်စဉ်။
ရိုက်ကူး ဘိုဘို မဇ္ဈိမ
မင်္ဂလာမန္တလေး မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်နှင့်ယိမ်းအကအလှပြိုင်ပွဲကြီးနှင့်အတူ သင်္ကြန်ဈေးရောင်း ပွဲတော်၊ စတုဒီသာကျွေးခြင်းများ၊ သက်ကြီးပူဇော်ပွဲနှင့်ဖျော်ဖြေရေး အစီအစဉ်များကိုပါ ထည့်သွင်းကျင်းပ သွားမည် ဖြစ်ကြောင်းသိရသည်။
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News

Recommended