Skip to playerSkip to main content
  • 7 years ago
သင်္ကြန်မှာလာမယ့် ဧည်သည့်များအတွက် စမတ်ကျွန်း သန့်ရှင်းရေးလုပ်
********************
သင်္ကြန်ကာလမှာ လာရောက်မယ့် ဧည်သည့်များအတွက် သန့်ရှင်းစွာ အနားယူအပန်းဖြေနိုင်စေဖို့ ရည်ရွယ်ပြီး မြိတ်ကျွန်းစုအတွင်းက နာမည်ကြီး ကျွန်းတစ်ခုဖြစ်တဲ့ စမတ်ကျွန်း (ခေါ်) ပါပတ်ကျွန်းမှာ စုပေါင်းအမှိုက်ကောက် လှုပ်ရှားမှုတစ်ခုကို အဲဒီက ဟိုတယ်နှင့် ခရီးသွားလာရေးအသင်းအဖွဲ့များက လူတွေ ၊ ဒေသခံလူငယ်တွေက မတ် ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီကျွန်းဟာ မြန်မာတစ်နိုင်ငံလုံးမှာ ကျောက်လုံးကမ်းခြေရှိတဲ့ တစ်ခုတည်းသော ကျွန်းပါ။ ကမ္ဘာပေါ်မှာဆိုရင်တော့ ကျောက်လုံးကမ်းခြေရှိတဲ့ ၁၁ ခုမြောက်လည်း ဖြစ်ပါတယ်။ အဲဒီမှာ ကျောက်လုံးကမ်းခြေနှင့် သဲကမ်းခြေ နှစ်ခုရှိတာကြောင့် နှစ်ဖက်လှကျွန်းလို့လည်း အများက သိကြပါသေးတယ်။

သတင်းရိုက်ကူး - ဒီမိုးသွေး ၊ တည်းဖြတ် - ဇေယျာမော်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Be the first to comment
Add your comment

Recommended