Skip to playerSkip to main content
  • 7 years ago
ဗိုလ်ချုပ်ရုပ်ရှင် စတင်ရိုက်ကူးမည့်အချိန်ကို ဧပြီလကုန်ခန့်တွင် ပြောနိုင်ပြီ
****************************************
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်အတွက် ပြင်ဆင်မှုအပိုင်းမှာ သုံးပုံတစ်ပုံ ပြီးစီးနေပြီး စတင်ရိုက်ကူးမည့် အချိန်ကို ဧပြီလကုန်ခန့်မှာ အကြမ်းဖျဉ်းပြောနိုင်ပြီဖြစ်ကြောင်း ဒါရိုက်တာအဖြစ် ရိုက်ကူးမည့် လူမင်းက ပြောဆိုလိုက်သည်။

“ပြင်ဆင်မှုရာခိုင်နှုန်းကတော့ ပြောရမယ်ဆိုရင် သုံးပုံတစ်ပုံ ပြီးပါပြီ။ ဒီဇာတ်ညွှန်းပြီးတဲ့အခါမှာ အသေးစိတ် ပြင်ဆင်မှုအနေနဲ့ ဆက်သွားရင် ကိုယ်တို့ ရိုက်ကူးရေးကတော့ ဧပြီလကုန်လောက်ဆိုရင် ရိုက်ကူးရေး အကြမ်းဖျဉ်းအချိန်ဇယားလောက်ကို ပြောနိုင်ပါပြီ။ အခုတော့ မပြောနိုင်သေးပါဘူး” ဟု လူမင်းက ပြောသည်။

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/55677
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended