ဟိန္ဒူရိုးရာဟိုလီသင်္ကြန်ပွဲတော် ရန်ကုန်မှာ ဆင်နွှဲ
#MizzimaTV
၎ ကြိမ်မြောက် ၂ဝ၁၉ ခုနှစ် ဟိန္ဒူရိုးရာဟိုလီသင်္ကြန်ပွဲတော် (Colour Festival) ကို မတ်လ ၂ဝ ရက်နေ့က ရန်ကုန်မြို့ ကရဝိတ် မျှော်စင်ကျွန်းတွင် ပြုလုပ်ခဲ့ပြီး ပါဝင်ဆင်နွှဲကြသူတွေဟာ ရေတွေ၊ ဆေးရောင်စုံမှုန့်တွေနဲ့ ပက်ဖြန်း ဆော့ကစားခဲ့ကြပါတယ်။
ပြည်တွင်းက အဆိုအကဖျော်ဖြေသူတွေ၊ အိန္ဒိယနိုင်ငံက အဆိုတော်တွေ ပါဝင်ဖျော်ဖြေခဲ့ပြီး လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်ခဲ့ကြပါတယ်။ ဟိုလီပွဲတော်တွင် DJ သီချင်းတွေ၊ အဆို၊ အကဖျော်ဖြေမှုတွေအပြင် အိန္ဒိယအစားအသောက်တွေလည်း ပါဝင်ပါတယ်။
ရိုက်ကူး ၊ တည်းဖြတ် - ဖူးအိအိနွယ်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/55534
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ
Comments