Skip to playerSkip to main content
  • 7 years ago
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ပြည်သူ့ဝန်ဆောင်မှုတစ်ရပ်အနေနှင့် ရုပ်ရှင်နှင့် အခြားရိုက်ကူးရေးများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ရုပ်ရှင်စတူဒီယိုများ ဖွင့်ပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားရှိ အနုပညာရပ်ဝန်းတွင် မတ်လ ၉ရက်နေ့က ပြုလုပ်ခဲ့သည်။

အရည်အသွေးမြင့် 2K, 4K ရုပ်ရှင်ကားများ၊ MTV များ၊ ကြော်ငြာများ၊ Documentary များ၊ ဇာတ်လမ်းတိုများ ရိုက်ကူးထုတ်လုပ်ရာတွင် အထောက်အကူဖြစ်စေရန် indoor studio သုံးခုကို ဖွင့်လှစ်ထားပြီး ရိုက်ကူးရေးအတွက် ခက်ခဲသော တရားရုံး၊ ရဲစခန်း၊ အချုပ်ခန်း စသည့် နေရာများပါဝင်ကြောင်း သိရသည်။

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended