Skip to playerSkip to main content
  • 7 years ago
ပြန်လည်ပြင်ဆင်လိုက်သော မူးယစ်ဥပဒေတွင် ပြစ်မှုနှင့် ပြစ်ဒဏ် မမျှမှုများရှိနေဟု ဆို
********************
ပြန်လည်ပြင်ဆင်လိုက်သော မူးယစ်ဆေးဝါးဥပဒေတွင် ပြစ်မှုနှင့် ပြစ်ဒဏ် မမျှမှုများရှိနေသေးကြောင်း အမျိုးသား မူးယစ်ဆေးဝါးနှင့် ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်လိုက်သည့် မူးယစ်ဆေးဝါးဥပဒေကို ယှဉ်တွဲ သုံးသပ်ထားသည့် "မညီမျှသော ဟန်ချက်များ"အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာအား သုံးလကျော်ကြာ အချိန်ယူလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနား၊ မန္တလေး၊ လားရှိုး မြို့များသို့ သွားရောက်ကာ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ ဥပဒေအထောက်အကူပြု အဖွဲ့များ၊ အစိုးရမဟုတ်သည့် အဖွဲ့ အစည်းများနှင့် တွေ့ဆုံခဲ့ပြီးနောက် သုံးသပ်ရေးထားခြင်းဖြစ်ကြောင်း အစီရင်ခံစာအား ပြုစုရေးသားခဲ့သည့် ဒေါက်တာထွေးကြူက ပြောသည်။
သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended