Skip to playerSkip to main content
  • 7 years ago

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ပြိုင်ပွဲအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုမှ ကျပ်သိန်း၃၀၀၀ ပံ့ပိုး
***********************
၂၀၁၉ ခုနှစ်ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစု မှ ကျပ်သိန်း ၃၀၀၀ ပံ့ပိုးကူညီခြင်းအခမ်းအနားကို ရန်ကုန်မြို့၊နိုဗိုတယ် ရန်ကုန်မက်စ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

"မြန်မာဘောလုံးအားကစားဖွံဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှကူညီဆောင်ရွက်ပေးတဲ့နေရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး အတွက် ၂၀၁၅ ခုနှစ်မှာ ကျပ်သိန်း၁ထောင်ပံပိုးကူညီခဲ့ပြီး ၂၀၁၆ ခုနှစ်ကနေစတင်ပြီး ကျပ်သိန်းသုံးထောင်ကို တိုးမြင့် ပံ့ပိုးကူညီပေးခဲ့ပါတယ်။ ယခု၂၀၁၉ ခုနှစ်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဘောလုံးပြိုင်ပွဲ ကျင်းပနိုင် ရေးအတွက်တပ်မတော်က အဓိကပံပိုးကူညီမှုအဖြစ် ကျပ်သိန်းသုံးထောင် ကိုလည်း ဆက်လက်ပံ့ပိုးကူညီ သွားမှာဖြစ်ပါတယ် "ပာု တပ်မတော်အားကစားနှင့်ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက ပြောကြားခဲ့သည်။

ရိုက်ကူး/တည်းဖြတ် - ထွန်းထွန်းဝင်း
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/55187
#အားကစားသတင်း #SportNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🥇
Sports
Be the first to comment
Add your comment

Recommended