မအူပင်တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်

  • 5 years ago
မအူပင်တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်
********************
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှာ မတ်လ ၁ ရက်နေ့က သဘာဝဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှုကို ပြင်ဆင်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

မအူပင်(တောင်)ရေနံမြေမှ ညောင်တုန်းရေနံမြေကို ဆက်သွယ်သွယ်တန်းထားတဲ့ မအူပင်တံတားအနီးရှိ သဘာဝဓါတ်ငွေ့ပိုက်လိုင်းမှာ ဓာတ်ငွေယိုစိမ့်မှုရှိတယ်ဆိုတာကြောင့် မြန်မာ့ရေနံမြေနှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်းမှတာဝန်ရှိသူတွေက ပြင်ဆင်နေစဉ် နေ့လယ် ၁၂ နာရီခွဲအချိန်မှာ ပေါက်ကွဲမီးလောင်မှု ဖြစ်ပွားခဲ့တာပါ။

အဲဒီ ဓာတ်ငွေ့ယိုစိမ့်မှုကို အနီးအနားက ဒေသခံတစ်ဦးက ကားဝရိန်ဆော်ရာမှ မြေကြီးမှ ဓာတ်ငွေ့တွေ ထွက်နေကြောင်း စတင်သိရှိခဲ့တာကြောင့် မြန်မာ့ရေနံမြေကို ဆက်သွယ်အကြောင်းအကြားခဲ့တာပါ။

လက်ရှိမှာတော့ ပိုက်လိုင်းကို စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ရိုက်ကူး၊တည်းဖြတ်-ဟန်ထူးဇော်
#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended