Skip to playerSkip to main content
  • 7 years ago
ဝိုင်းမော်၊ မလိယန်ကျေးရွာမှာ ရက်ကန်းသင်တန်းဖွင့်
******************

လူမျိုးတိုင်းလူမျိုးတိုင်းမှာ ကိုယ်ပိုင်ရိုးရာဝတ်စုံတွေ ရှိကြပါတယ်။ ရိုးရာဝတ်စုံဆိုတာဟာ လူမျိုးတစ်မျိုးအတွက် ကိုယ်ပိုင်အမှတ်အသားဆိုလည်း မမှားပါဘူး။ အနီနဲ့ အနက်တွဲစပ်ထားတဲ့ မန်မော်ဝတ်စုံကို တွေ့တာနဲ့ ကချင် တိုင်းရင်းသားတွေကို မြင်ယောင်လာစေပြီးတော့ တိုင်းရင်းသားနဲ့ ရိုးရာဝတ်စုံဟာ တစ်တွဲတည်းတည်ရှိလို့ နေပါတယ်။


အိမ်ခြေ ၁ဝဝ ဝန်းကျင်ရှိတဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ မလိယန်ကျေးရွာလေးမှာတော့ ဒီလိုရိုးရာဆင်တွေနဲ့ အထည်တွေ ယက်လုပ်နိုင်ဖို့ ရက်ကန်းသင်တန်းတစ်ခုကို ကျေးရွာ တာဝန်ခံတွေရဲ့ တောင်းဆိုချက်အရ တရုတ်ကုမ္ပဏီA.C.H.C က ပြုလုပ်ပေးခဲ့တာပါ။


သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ၂၈ ရက်နေ့က မလိယန်ကျေးရွာအုပ်ချုပ်ရေးရုံးတွင် ပြုလုပ်ခဲ့ပြီး ရက်ကန်းသင်တန်းအတွက် ရက်ကန်းစင် ၁၀ လုံး၊ သင်တန်းဆရာ၂ ဦးနှင့် လက်ရှိမှာ သင်တန်းသူ ၁၀ ဦး လက်ခံထားတာလည်း ဖြစ်ပါတယ်။

A.C.H.C ကုမ္ပဏီက မြစ်ဆုံစီမံကိန်းအတွက် ဆောင်ရွက်နေတာဖြစ်ပြီး မလိယန်ကျေးရွာကတော့ ဒီစီမံကိန်း ကြောင့် ပြောင်းရွှေ့ခဲ့ရတာပါ။

ရိုက်ကူး၊တည်းဖြတ်-ဖူးအိအိနွယ်

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended