Skip to playerSkip to main contentSkip to footer
  • 6 years ago

လာဘ်ပေးသည်ဆိုသောနေ့က အစည်းအဝေးရောက်နေဟု လာဘ်စားမှုဖြင့် တရားရင်ဆိုင်နေရသူ တင်ပြ
******************
ဟာသသရုပ်ဆောင်အောင်ရဲထွေးသေဆုံးခဲ့သည့်အမှုတွင် စွပ်စွဲခံရသူတို့ကိုလူသတ်မှုမှ ပြန်လည်ရုပ်သိမ်းခဲ့ ရာ၌ လာဘ်စားခဲ့သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲတင်စစ်ဆေးခံနေရသော ခရိုင်ဥပဒေအရာရှိဟောင်း ဦးကိုကိုလေး က သူ့အားလာဘ်ပေးခဲ့သည်ဟုဆိုသောနေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၌ အစည်းအဝေးတက်နေခဲ့သည်ဟု အထောက်အထားပါ ထောက်ခံစာကိုမတ်လ ၁ ရက်နေ့တွင် ရုံးတော်သို့ တင်ပြခဲ့ကြောင်း စွပ်စွဲခံရသူဘက်မှ လိုက်ပါဆောင်ရွက်သူတရားလွှတ်တော်ရှေ့နေ ဦးမင်းစိန်ကပြောသည်။

ထိုတင်ပြချက်အားရန်ကုန်တိုင်းတရားလွှတ်တော် တရားရုံးမှ ပယ်လိုက်သဖြင့် စွပ်စွဲခံရသူ ခရိုင် ဥပဒေ အရာရှိဟောင်း ဦးကိုကိုလေးကယင်းအချက်အားသက်သေပြနိုင်ရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ခင်မာချိုကို ရုံးတော်သို့ ဆင့်ခေါ်ပေးရန် ထပ်မံလျှောက် ထားခဲ့သည်။

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News

Recommended