Skip to playerSkip to main contentSkip to footer
  • 7 years ago
ရွှေဝါရောင် ဆရာတော် ဦးသောဘိတအမှုအတွက် တရားလိုဖြစ်သူကို စတင်စစ်ဆေး
=============================
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် ရွှေဝါရောင် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)၏ အမှုနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် ၊ဖေဖော်ဝါရီ(၂၈)ရက်၊နံနက်ပိုင်းတွင် အမရပူရမြို့နယ် တရားရုံး၌ တရားလိုဖြစ်သော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၊ပြည်သူ့စစ်မှ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းအား စတင်စစ်ဆေးစဉ်။ ရိုက်ကူး ဘိုဘို မဇ္ဈိမ

လူမှုကွန်ရက်စာမျက်နှာတွင် တပ်မတော်နှင့် တပ်မတော်သားများအပေါ် သိက္ခာကျဆင်းစေမည့် ပုတ်ခတ် ရေးသားမှုများ ပြုလုပ်သည်ဟုဆိုကာရွှေဝါရောင်ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) အား အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် ၊ပြည်သူ့စစ်မှဦးစီးအရာရှိ(ပထမတန်း)ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အမရပူရမြို့မ ရဲစခန်း သို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ)၄၅၈/၂၀၁၈၊ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)ဖြင့် အမှု ဖွင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခုရုံးချိန်းတွင် ရွှေဝါရောင် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)အား တရားရုံးရှေ့လာရောက်ခြင်းကို တရားရုံးမှ ကင်းလွတ်ခွင့်ပေးခဲ့ပြီး ရုံးတော်မှ လိုအပ်သည့်အချိန် ခေါ်ဆိုမှသာ လာရောက်ရန်မှာကြားထား ကြောင်းနှင့်နောက်ရုံးချိန်းအဖြစ် ၂၀၁၉ ခုနှစ်၊မတ်လ(၁၄)ရက်တွင် ပြန်လည်ချိန်းဆိုထားပြီး တရားလိုပြ သက်သေများကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဆရာတော်၏ရှေ့နေမှပြောကြားသည်။

Category

🗞
News

Recommended