Skip to playerSkip to main contentSkip to footer
  • 7 years ago
တောင်နဝင်းဆည် အကြီးစားပြုပြင်မှုတွေ စတင်

#MizzimaTV

ငလျင်ဒဏ်ကြောင့် အက်ကြောင်းတွေဖြစ်ပေါ်နေတဲ့ တောင်နဝင်းဆည်ကို အကြီးစား ပြုပြင်မှုတွေ လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက နှစ်လအတွင်း ငလျင် ၄ ကြိမ် လှုပ်ခဲ့တာကြောင့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပေါက်ခေါင်းမြို့က တောင်နဝင်းရေလှောင်တမံ မြေသားတွေ နိမ့်ကျပြီး ပတ်ကြားတွေဖြစ်ပေါ်ခဲ့ပါတယ်။

အဲ့ဒီလိုဖြစ်ပေါ်ခဲ့တဲ့အတွက် ဒေသခံတွေက စိုးရိမ်နေကြပြီး ဆည်ကို အမြန်ဆုံးပြုပြင်စေချင်နေကြတာပါ။ တောင်နဝင်းဆည်မြေသားတွေနိမ့်ကျပြီး တစ်လကျော်အကြာမှာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ ဆည်မြောင်းဝန်ကြီးဌာနက ခုလို ပြုပြင်မှုတွေကို စတင်လာတာပါ။

ရိုက်ကူး ၊ တည်းဖြတ် - ဟန်ထူးဇော်

Category

🗞
News

Recommended