Skip to playerSkip to main content
  • 7 years ago
ခြေ/ဥပြင်ရေးမှာ ပါဝင်လာတဲ့ တပ်မတော်နဲ့ ကြံ့ခိုင်ရေး ဘယ်လိုရပ်တည်မလဲ

#MizzimaTV

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီမှာ ကိုယ်စားပြုပါဝင်မယ့် အမည်စာရင်းတွေကို တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့နဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့က အသီးသီး အမည်စာရင်းတွေ ပေးပို့လိုက်ပြီ ဖြစ်ပါတယ်။

တပ်မတော်အစုအဖွဲ့အနေနဲ့ ပူးပေါင်းကော်မတီမှာ ပါဝင်ဖို့အတွက် ဗိုလ်ချုပ်တင်ဆွေဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် ၈ဦးရဲ့ အမည်စာရင်းကို ပေးပို့လိုက်တာပါ။ ကော်မတီဖွဲ့စည်းမှုဟာ ဥပဒေနဲ့မညီဘူးလို့ ခံယူတာကြောင့် ကန့်ကွက်ခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်တာကြောင့် လွှတ်တော်ဆိုင်ရာဥပဒေတွေနဲ့အညီ လိုက်ပါဆောင်ရွက်တာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်မောင်မောင်က ပြောပါတယ်။

ဘယ်ပုဒ်မတွေကို ပြင်ဆင်ရင် နိုင်ငံတော်နဲ့ တိုင်းရင်းသားအကျိုးစီးပွားကို ထိခိုက်မယ်ဆိုတာကိုတော့ အတိအကျ ပြောဆိုသွားခြင်း မရှိပါဘူး။

ပူးပေါင်းကော်မတီမှာ နှစ်ဦးပါဝင်ခွင့်ရတဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း မိုင်းပန်မြို့နယ်အမတ် ဦးစိုင်းကျော်မိုးနဲ့ အမျိုးသားလွှတ်တော်အမတ် ဦးဆီဟူးဒွေ့တို့ နှစ်ဦးကို အမည်စာရင်း ပေးပို့ထားပြီးဖြစ်ပါတယ်။ ပူးပေါင်းကော်မတီမှာ ပါဝင်မယ့် ကြံ့ခိုင်ရေးပါတီရဲ့ ရပ်တည်ချက်နဲ့ပတ်သက်လို့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးသောင်းအေးက အခုလို ပြောပါတယ်။

ပူးပေါင်းကော်မတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လွှတ်တော်ကို တင်သွင်းမယ့် အစီရင်ခံစာကို ငါးလအတွင်း အပြီးသတ် လုပ်ဆောင်သွားဖို့ လျာထားပါတယ်။

ရိုက်ကူး/တည်းဖြတ်-မင်းမင်း

သတင်းအပြည့်စုံ-http://www.mizzimaburmese.com/article/54871

Category

🗞
News
Comments

Recommended