Skip to playerSkip to main contentSkip to footer
  • 7 years ago
သထုံတွင် ဘိလပ်မြေစက်ရုံဆောက်ရန် စမ်းသပ်မှုအပေါ် ဒေသခံသဘောထားရယူခဲ့မှုအား ပြန်စိစစ်ရန် ထောက်ပြ
==================
သထုံမြို့နယ်အတွင်း၌ ဘိလပ်မြေစက်ရုံစီမံကိန်း တည်ဆောက်ရန်အတွက် စမ်းသပ်မှုနှင့် ပတ်သက်ပြီး ကုမ္ပဏီဘက် ဒေသခံများ၏ သဘောထားရယူခဲ့မှုအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်စိစစ်စေလိုကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

ဖားပိန်တောင်လုပ်ကွက်(၁)နှင့် ဝင်းဖုန်းတောင်လုပ်ကွက်(၂)တ၀ိုက်ရှိ မြေဧက ၄၉၆.၄၈ ဧကအား TWP Co.,Ltd မှ ဘိလပ်မြေစက်ရုံစီမံကိန်းတည်ဆောက်ရန် စမ်းသပ်မှုနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို စစ်ဆေးရာတွင် ဒေသခံများထံမှ သဘောထားမှတ်ချက်ရယူခဲ့ခြင်းဖြစ်သည်။

ရိုက်ကူး-နွန်နွန်
တည်းဖြတ်-ဇေယျာမော်

သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/54868

Category

🗞
News

Recommended