“ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ၂၀၂၀မှာ NLD အနိုင်ရဖို့ ပြင်ဆင်တာ မဟုတ်ဘူး”

  • 5 years ago
“ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ၂၀၂၀မှာ NLD အနိုင်ရဖို့ ပြင်ဆင်တာ မဟုတ်ဘူး”
********************
ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ၂၀၂၀ မှာ NLD အနိုင်ရဖို့ ပြင်ဆင်တာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းဒေသကြီးပါတီအဖွဲ့ဝင်များတွေ့ဆုံပွဲတစ်ခုကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ဖေဖော်ဝါရီလ ၁၇ ရက်က ရွှေဟင်္သာအနောက်ပေါက်လမ်း၊ သီရိခေတ္တရာခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

ကျန်ရှိနေသေးတဲ့ ၁ နှစ်ခွဲအချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးတို့ကို ပြုလုပ်မှာဖြစ်ပြီး အဲ့ဒီလုပ်ဆောင်ချက်တွေဟာ ၂၀၂၀မှာ NLD အနိုင်ရဖို့ ပြုလုပ်တာမဟုတ်ဘဲ နိုင်ငံအတွက်ပြုလုပ်တာလို့ ပါတီဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်ကပြောကြားလိုက်တာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးပါတီအဖွဲ့ဝင်များတွေ့ဆုံပွဲမှာ တိုင်ကြားစာ ၇ စောင် လက်ခံရရှိခဲ့တယ်လို့ သိရပြီး ဒီတွေ့ဆုံပွဲကို NLD ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၊ ပဲခူးတိုင်းဝန်ကြီးချုပ်၊ ပဲခူးတိုင်းလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်း ခရိုင် မြို့နယ်ပါတီဝင်တွေ တက်ရောက်ခဲ့ပါတယ်။

ရိုက်ကူး၊တည်းဖြတ်- ဟန်ထူးဇော်

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News

Recommended