Skip to playerSkip to main content
  • 7 years ago
၇၂ နှစ်မြောက် ပြည်ထောင်စုနေ့မှာ သမ္မတက ငြိမ်းချမ်းရေးကို အလေးပေးပြော
***********************
၇၂ နှစ်မြောက်၊ ပြည်ထောင်စုနေ့အခမ်းအနားကို ပေးပို့တဲ့ သမ္မတဦးဝင်းမြင့်ရဲ့ သဝဏ်လွှာက ငြိမ်းချမ်းရေးကို အလေးပေး ပြောကြားထားပါတယ်။ ငြိမ်းချမ်းရေးရတာနဲ့ တစ်ပြိုင်နက်ထဲမှာ တိုင်းနဲ့ပြည်နယ်တွေ အရှိန် အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ သမ္မတက ယုံကြည်ထားပြီး ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အလေးအနက်ထားစဉ်းစားဖို့လည်း တိုင်းရင်းသားတွေကို သမ္မတက တိုက်တွန်းထားပါတယ်။

နေပြည်တော်၊ မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေက သမ္မတဦးဝင်းမြင့် ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။

ရိုက်ကူး ၊ တည်းဖြတ် ၊ တင်ဆက် - မင်းမင်း/မဇ္ဈိမ

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News
Comments

Recommended