Skip to playerSkip to main contentSkip to footer
  • 2/12/2019
မြန်မာဘုရင်တွေ လှူဒါန်းခဲ့တဲ့ ရှေးဟောင်းပစ္စည်းများကို လေ့လာနိုင်ဖို့ ပြတိုက်ဆောက်လုပ်မည်
**********************
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်မောက်မြို့နယ် စက်တော ကျေးရွာက မဟာဂန္ဓာရုံ ဘုန်းတော်ကြီး ကျောင်းမှာ ရှေးဟောင်းရုပ်ပွားတော်တွေ၊ မင်းတုန်းမင်းတရားကြီးနဲ့ မိဖုဘုရားစကြာဒေဝီ၊ သီပေါမင်းတို့ လှူဒါန်းထားတဲ့ ပစ္စည်းတွေ ဒီကနေ့အထိ ရှိနေပါတယ်။

အခုလက်ရှိ အဲ့ဒီရှေးဟောင်းပစ္စည်းတွေကို အများပြည်သူတွေ လာရောက်လေ့လာနိုင်အောင် ခင်းကျင်းပြသထားပြီး ပြတိုက်ဆောက်လုပ်ကာ ပြသနိုင်ဖို့ စီစဉ်နေပါတယ်။

ရိုက်ကူး ၊ တည်းဖြတ် ၊ တင်ဆက် - ဘုန်းနိုင်ဖြိုး

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

🗞
News

Recommended