Skip to playerSkip to main content
  • 7 years ago
ဖမ်းမိသစ်တန်ချိန် ၂၈၀ ကျော်ကို ရွှေ့ပြောင်းသယ်ယူဖို့ စက်ယန္တရားလုံလောက်မှုမရှိ
-------------
နှစ်လအတွင်း ပြည်ခရိုင်က တရားမဝင် သစ်တန်ချိန် (၂၈၀) ကျော် ဖမ်းဆီးရမိခဲ့ပေမယ့် သစ်တောဦးစီးဌာနက တောထဲကနေ ပြန်လည် သယ်ယူဖို့ စက်ယန္တရားလုံလောက်မှု မရှိတာကြောင့် အခက်တွေ့နေရပါတယ်။

နယ်မြေ ရှင်းလင်းရေး စစ်ကြောင်းပုံစံနဲ့ တရားမဝင် သစ်ခိုး ထုတ်တာတွေကို အခုနှစ် ဇန်န၀ါရီလကနေ စတင်ပြီး ဖမ်းဆီးရာမှာ ပေါက်ခေါင်းမြို့ ပဲခူးရိုးမနဲ့ ပန်တောင်းမြို့ရခိုင်ရိုးမတွေပေါ်မှာ အဆိုပါ သစ်များကို ဖမ်းမိခဲ့တာပါ။ ဒါပေမယ့်လည်း ပန်တောင်းမြို့ ရခိုင်ရိုးမမှာဖမ်းမိတဲ့ သစ်တွေက တောင်နံရံတွေပေါ်မှာရှိနေပြီး ပြန်လည် သယ်ယူနိုင်တဲ့ စက်ယန္တရားမရှိတာကြောင့် အခက်ကြုံနေရတာပါ။

ရိုက်ကူး ၊ တည်းဖြတ် ၊ တင်ဆက် - ဟန်ထူးဇော်

Category

🗞
News
Comments

Recommended