Skip to playerSkip to main content
  • 7 years ago
တရားသူကြီးတွေကိုယ်တိုင် တရားခွင်မှာ ကျမ်းသစ္စာကျိန်ဆိုရေး အဆို လွှတ်တော် အတည်ပြု
--------------------
ပြည်သူတွေ ယုံကြည်အားကိုးပြီး ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေးဖြစ်လာစေဖို့အတွက် တရားသူကြီးတွေ ကိုယ်တိုင် တရားခွင်မှာ ကျမ်းသစ္စာကျိန်ဆိုရေး အဆိုကို ဖေဖော်ဝါရီလ ၈ရက်နေ့က အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ဧရာဝတီတိုင်း မဲဆန္ဒနယ်အမှတ်(၁)က ဦးစိုးမိုးတင်သွင်းတဲ့ အဲ့ဒီအဆိုကို မဲခွဲဆုံးဖြတ်လိုက်တာဖြစ်ပြီး ထောက်ခံမဲများတဲ့အတွက် အဆိုအတည်ဖြစ်သွားတာကြောင့် တရားသူကြီးတွေပါ တရားခွင်မှာ ကျမ်းသစ္စာဆိုရတော့မှာ ဖြစ်ပါတယ်။

ဒီအဆိုနဲ့ပတ်သက်ပြီး လွှတ်တော်မှာ လာရောက်ရှင်းလင်းခဲ့တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရား သူကြီး ဦးမျိုးတင့်ကတော့ တရားသူကြီးတွေအနေနဲ့ တာဝန်စတင်ထမ်းဆောင်ချိန်မှာ ကျမ်းသစ္စာ ကျိန်ဆို ခဲ့ပြီးဖြစ်လို့ ဒါဟာ တရားသူကြီးတစ်ယောက်ရဲ့ သက်တမ်းတစ်ခုလုံးအတွက် အကျုံးဝင်ပြီးဖြစ်တာကြောင့် အဆိုကို မှတ်တမ်းတင် ထားရှိဖို့ လွှတ်တော်ကို တင်ပြခဲ့တာပါ။

ရိုက်ကူး ၊ တည်းဖြတ် ၊ တင်ဆက် - မင်းမင်

Category

🗞
News
Be the first to comment
Add your comment

Recommended