Skip to playerSkip to main contentSkip to footer
  • 7 years ago
တောင်နဝင်းဆည်ကျိုးပေါက်သည်ဟု သတင်းထွက်ပေါ်ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်မှုရှိခဲ့
=============
တောင်နဝင်းဆည်ကြီး ကျိုးကျတယ်ဆိုပြီး ကောလဟလ သတင်းတွေ ထွက်ပေါ်လာတာကြောင့် တိမ်းရှောင်ထွက်ပြေးတဲ့ ဒေသခံတွေနဲ့ အဲဒီအနီးတဝိုက်မှာ လူစုလူဝေးတွေဖြစ်ပေါ်ခဲ့သလို ထိတ်လန့်မှုများ ဖေဖေါ်ဝါရီ ၈ ရက်နေ့မနက်က ပေါက်ခေါင်းမြို့မှာ ဖြစ်ပွားခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပေါက်ခေါင်းမြို့နယ်မှာရှိတဲ့ အဆိုပါ ဆည်ဟာ ကျိုးကျနေပြီဖြစ်ကြောင်း ဆိုင်ကယ်သုံးစီးနှင့် လူတစ်စုက အော်ဟစ်ခဲ့တာပါ။ အဲဒီနောက်မှာ စာသင်ကျောင်းက ကလေးတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာ၊ အနီးတဝိုက်နေ ဒေသခံတို့ နေအိမ်ကနေ ရှောင်ပြေးခဲ့ကြရတာပါ။

ရိုက်ကူး ၊ တည်းဖြတ် ၊ တင်ဆက် - ဟန်ထူးဇော်

Category

🗞
News

Recommended