Skip to playerSkip to main content
  • 7 years ago
သင်္ဘောများဆက်တိုက်ဖြတ်သန်းနေတာကြောင့် ကမ်းပါးပြိုကျမှာ စိုးရိမ်နေကြ
=================
ပြည်ခရိုင် ရွှေတောင်မြို့နယ်က နှစ်စဉ်ကမ်းပါးပြိုကျနေရာဖြစ်တဲ့ တောင်ကမ်းနားလမ်း ယွန်းတန်းရပ်ကွက် အနီးကို အရင်က သင်္ဘောဖြတ်သန်းခွင့် ပိတ်ပင်ထားပေမယ့် ဖေဖေါ်ဝါရီ ၁ ရက်နေ့က စတင်ပြီး ပြန်လည် ဖြတ်သန်းမှုတွေ ရှိလာတာကြောင့် ဒေသခံတွေက ကမ်းပါးပြိုကျမှာကို စိုးရိမ်နေကြပါတယ်။

ဒီကိစ္စနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာကို အကြောင်းကြားခဲ့ပေမယ့် ရေလမ်းကြောင်းပိတ်နေတာကြောင့် ခေတ္တခဏအသုံးပြုနေရတယ်လို့ ဖြေကြားခဲ့တဲ့အတွက် အကယ်၍ ကမ်းပါးပြိုကျခဲ့ပါက ဘယ်ဌာနက တာဝန်ယူလုပ်ကိုင်ပေးမှာလဲလို့ ဒေသခံတွေက မေးခွန်းထုတ်နေကြပါတယ်။

ရိုက်ကူး ၊ တည်းဖြတ် - ဟန်ထူးဇော်

Category

🗞
News
Comments

Recommended