Skip to playerSkip to main content
  • 7 years ago
အနုပညာအထက်တန်းကျောင်း(မန္တလေး)မှ အဆို၊အက၊ပန်းချီ ၊ပန်းပု နွေရာသီသင်တန်းများကို ဖေဖော်ဝါရီလ ၁၈ ရက်မှစတင်၍ မတ်လ ၁၅ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဟု အနုပညာအထက်တန်းကျောင်း(မန္တလေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝိုင်းဝိုင်းရီက မဇ္ဈိမကိုပြောသည်။

အဆိုပါသင်တန်းများတက်ရောက်ရန်အတွက် လျှောက်လွှာများကို ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ အနုပညာအထက်တန်းကျောင်း(မန္တလေး)တွင်ထုတ်ယူ၍ ဖေဖော်ဝါရီလ ၁၇ ရက် နောက်ဆုံးထားပြီး လျှောက်လွှာများ ပြန်လည်တင်ရမည်ဖြစ်သည်။သင်တန်းကြေးမှာ ကျပ် တစ်သောင်းခွဲ သတ်မှတ်ထားပြီး နံနက် ၉ နာရီ ၃၀မိနစ်မှ နံနက် ၁၁ နာရီ၊၃၀မိနစ်အထိ သင်ကြားပေးသွားမည် ဖြစ်သည်။

အနုပညာအထက်တန်းကျောင်း(မန္တလေး)အနေဖြင့် နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်များတွင် အဆို၊အက၊ပန်းချီ၊ ပန်းပု သင်တန်းများ ဖွင့်လှစ်ပေးလျှက်ရှိသည်။ယခုနှစ်မှစတင်၍ နွေရာသီ တစ်လသင်တန်းတက်ပြီးသူများကို ညနေပိုင်းသင်တန်းများ ဆက်လက်တက်ရောက်သင်ကြားနိုင်ရန် အစီအစဉ်များလည်း ရေးဆွဲလျှက်ရှိသည်။

အနုပညာအထက်တန်းကျောင်း(မန္တလေး)မှဖွင့်လှစ်သည့် နွေရာသီသင်တန်းများသို့ လာရောက်တက်ရာက်သည့် ကျောင်းသား၊ကျောင်းသူများမှာ တစ်နှစ်ထက် တစ်နှစ်များပြားလာနေခြင်းကြောင့် နေရာအခက်အခဲလည်းရှိနေသည်။အနုပညာကို လူငယ် လူရွယ်များက စိတ်ဝင်စားမှု မြှင့်တက်လာသလို မိဘများအနေနှင့်ကလည်း စိတ်ဝင်စားစွာ လာရောက်အပ်နှံလျှက်လည်း ရှိနေသည်။

(ရိုက်ကူး၊အောင်ကိုဦး၊မဇ္ဈိမ)

Category

🗞
News
Comments

Recommended